Player အများစုမျှော်နေကြတဲ့ All Star Event နဲ့အတူလာမယ့် Moskov ရဲ့ Infernal Wyrmlord Skinဟာအတော်လေးမိုက်ပါတယ် နဂိုထဲက Moskov ဟာ Dragon တွေကို Referenceယူပြီးထုတ်ထားတဲ့ Hero တစ်ကောင်ဖြစ်ပါတယ် Skinတွေမှာလည်း ဒီအငွေ့အသက်တွေကို အတိုင်းသားမြင်နေကျပါ အခုထွက်လာတဲ့ Skin အသစ်ကတော့ လုံး၀အသိသာဆုံးဖြစ်ပြီး Dragon Theme အပြည့်ပါပါတယ် Skill effect တွေကိုအကြမ်းစားဖြစ်အောင်လုပ်ပေးထားတဲ့အပြင် ဘာမှမလုပ်ဘဲရပ်နေတဲ့အချိန်ပေါ်တဲ့ Animation လေးတွေကပါ တော်တော်လေးလန်းပါတယ် ဒီ Skin ကို Legend Tier နီးပါရောက်အောင်ပို့ပေးနိုင်တဲ့ Unique အဖြစ်ဆုံးအချက်ကတော့ Recall Effect ပါပဲ Recall ထိုင်ပြနေရတာနဲ့တောင်တန်ပါတယ် မြွေကြီးထွက်လာတာက လုံး၀ badass ပါပဲ ဘယ်နှစ်ကြိမ်နဲ့ပေါက်မယ်ဆိုပြီး အာမခံထားတာမျိုးတော့မရှိပါဘူး Draw တွေလှည့်ရာကနေရလာတဲ့ Dragon Crest 800နဲ့လဲယူနိုင်ပါတယ် All Star Event မှာပဲ ရနိုင်တဲ့ Exclusive Skin တစ်ခုဖြစ်တာကြောင့် ကျန်တဲ့အချိန်မှာတော့ ရဖို့အခွင့်အရေးမရှိပါဘူး ဒီSkin ကိုတတ်နိုင်သမျှ အကုန်အကျအနည်းဆုံးနဲ့ ရနိုင်မယ့်နည်းကိုပြောပြပေးပါ့မယ် All Star Eventဟာ 4လပိုင်း6ရက်နေ့ကနေစလာမှာဖြစ်ပါတယ် Free token တွေရဖို့အတွက်ကတော့Phase 1 နဲ့ Phase 2 ဆိုပြီး Phaseနှစ်ခုလာမှာဖြစ်ပါတယ် ကိုယ့်မှာ Prize pool ထဲက Skin များများရှိထားရင်တော့ Dragon Crest များများရနိုင်ပြီး Diamondကုန်တာလည်းသက်သာနိုင်ပါတယ် ပထမဆုံးအနေနဲ့ Phase 1 (13-16) လာတဲ့အထိစောင့်ပြီး Dia 500 ဖြည့်ပြီး သုံးရပါမယ် ဒါဆိုPhase 1ရဲ့ Taskတွေကနေ tickets 18ခုနဲ့ Promo Diamond 300 ရပါမယ် Diamond 500 ကိုတော့ 10× Draws လှည့်ပြီးသုံးရမှာဖြစ်ပါတယ် 10x Draw မှာတော့ Special Skin နဲ့အထက် Skin တစ်ခုရမယ်လို့ အာမခံထားပါတယ် Phase 1ကနေ စုစုပေါင်း 28 ကြိမ်လှည့်ခွင့်ရပါမယ် ဒုတိယအကြိမ်အနေနဲ့ Phase 2( April 20-23 ) အထိစောင့်ပြီး Diamond 500 ဖြည့်ပါမယ် နေ့တိုင်း first draw က50% Discount ရမှာဖြစ်တဲ့အတွက် 50 Diamond နဲ့လှည့်လို့ရပါမယ် 20ရက်နေ့မှာ တစ်ကြိမ်လှည့်မယ် (50 Dia) 21ရက်နေ့မှာ ငါးကြိမ်လှည့်မယ်(450 Dia) ဒီနည်းနဲ့ Diamond 500ကိုသုံးရပါမယ် စုစုပေါင်း token 18 ခုရပါမယ် Phase 2 လာလာချင်း 20ရက်နေ့ Login ကနေ token 2ခုရဦးမှာပါ စုစုပေါင်း 26ကြိမ်လှည့်လို့ရပါမယ် Phase 1 နဲ့ Phase 2 ပေါင်းရင် 54 ကြိမ်လှည့်လို့ရပါမယ် စုစုပေါင်း Diamond 1000 ကုန်ပါမယ် Chou STUN လိုချင်တဲ့သူတွေဆိုရင်တော့ ဒီလောက်သုံးရင် ရနိုင်ပါပြီ (Chou STUN = 600 Crests) အကယ်၍ ကိုယ့်မှာ Prize pool ထဲက Skin အများစုကရှိပြီးသား အဲ့ရှိပြီးသားတွေပြန်ပေါက်တယ်ဆိုရင်တော့ Dragon Crest 800ပြည့်ရင်လည်းပြည့်သွားနိုင်ပါတယ် သာမန်ဆိုရင်တော့ ဒီလောက်နဲ့မရသေးပါဘူး နောက်ထပ်လိုမယ့် Dragon Crest တွေကိုတော့ Promo Diamond သုံးပြီး ဆက်ဖောက်သွားရမှာပါ တစ်ကြိမ်ကို 80 promo + 20 dia နဲ့လှည့်သွားရမှာပါ ဒီနည်းနဲ့ 20-25ကြိမ်လောက်လှည့်သွားနိုင်ရင်တော့ သေချာပေါက်ရနိုင်ပါတယ် Dragon Crest ရတဲ့အပေါ်မူတည်ပြီးကွာသွားမှာဖြစ်တဲ့အတွက်အတိအကျပြောလို့မရပါဘူး Official Event လာတဲ့အချိန်ကျရင်တော့ Task အပြောင်းအလဲတွေရှိနိုင်ပါတယ်ဗျ