Old Skin ဟာ Limited Epic Skin တစ်ခုအနေနဲ့ဆိုရင် အတော်လေးမတန်တဲ့ထဲပါခဲ့ပါတယ် ဒါပေမယ့်ခု Revempedအပြီးမှာတော့ Skin Designအပြင် Skill Effectတွေကိုပါ ဝေဝေဆာဆာထည့်ပေးထားတော့ Limited Epic Skin ဆိုတဲ့နေရာတဲ့ တန်တယ်လို့ပြောလို့ရပါတယ် Skill 123 သုံးခုလုံးမှာ Effect ပိုပြီးထွက်ပါတယ် Skin Design က Old Skin လို မွဲခြောက်ခြောက် colour မျိုးမဟုတ်ဘဲ စိုစိုပြေပြေ ရှိပါတယ် လက်ထဲက Weapon လေး လည်နေတာကလည်း Uniqueဖြစ်ပါတယ် Limited Epic ဖြစ်တာနဲ့အညီ April 24 ရက်နေ့မှာ Lucky Box Event နဲ့လာမှာဖြစ်ပါတယ် မလိုချင်တဲ့ Reward လေးခုဖယ်ပြီး Epic Skin ရအောင် လှည့်ရမှာပါ 10Draw အထိအများဆုံးလှည့်ရမှာဖြစ်ပြီး ကံကောင်းရင်တော့ 7ကြိမ် 8ကြိမ်လောက်နဲ့လည်းပေါက်နိုင်ပါတယ် အများဆုံး 5230 Dia အထိကုန်နိုင်ပြီး ကံကောင်းလို့ 7ကြိမ်မှာပေါက်ရင်တော့ 1990 Dia ပဲကုန်မှာပါ Draw တစ်ခုချင်းစီအတွက် ကုန်ကျမယ့်Dia/COA ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် • 1st - Free • 2nd - 90 Diamonds • 3rd - 130 Diamonds • 4th - 240 Diamonds • 5th - 350 Diamonds • 6th - 490 Diamonds • 7th - 690 Diamonds • 8th - 900 Diamonds • 9th - 1170 Diamonds • 10th - 1170 Diamonds